ဘောလခဲ  ၅  သြဂုတ်

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် မိုးနှမ်းအထွက်နှုန်း ကောင်းမွန်စေရန် သြဂုတ် ၄ ရက်က ပျားပုံးများချကာ လက်တွေ့ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဘောလခဲ-ဒေါတမကြီး လမ်းနံဘေးတွင် ပျားပုံး ၃၀၊ ဘောလခဲ-ရွာသစ် လမ်းနံဘေးတွင် ပျားပုံး ၃၀၊ စုစုပေါင်း ပျားပုံး ၆၀ ချကာ ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် မိုးနှမ်းစိုက်ရာသီ၌ နှမ်းအထွက်နှုန်း ပိုမိုကောင်းမွန်စေရေးနှင့် ပျားရည်များ ပိုမိုထွက်ရှိစေရန်ရည်ရွယ်၍ ပျားလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှမ်းစိုက်ခင်းများအနီး  ပျားပုံးများချကာ လက်တွေ့ဝတ်မှုန်ကူးခြင်းတို့ကို ဆောင်ရွက်ခြင်း ဖြစ်သည်။

(ခရိုင် ပြန်/ဆက်)

FB_IMG_1564981687350

FB_IMG_1564981680839

FB_IMG_1564981694265

wfsdf