မိုးညို ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဧပြီ ၅ ရက်နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် သတိလစ်ခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသနိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် လိုက်လံကြေညာပြီး အပူဒဏ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဈေးရောင်း ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)


