မိုးညို မေ ၁၈

 

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၌ Wilmar Myanmar ကုမ္ပဏီ၏ ဖြန့်ဝေမှုဖြင့် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အရောင်းဆိုင်များကို တာဝန်ရှိသူများက မေ ၁၆ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးရောင်းချသူများ အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာချိန်ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  

ကိုမင်း(ပြန်/ဆက်)