မိုးညို အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ဒေသခံ ပြည်သူလူထုများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီအား အောက်တိုဘာ ၅ ရက်မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ရောင်းချပေးရာတွင် ဆီတစ်ပိဿာ ၃၈၅၀ ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် တစ်ပိဿာ၊ တစ်နေ့လျှင် ပိဿာ ၁၀၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာလင်း(ပြန်/ဆက်)