မိုးညို   ဇူလိုင်   ၂၆

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၌ (၁၀)ကြိမ်မြောက် ရေကင်းဇုန်နယ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲ ၃နာရီတွင် ရေကင်းအုပ်စု အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဦးအောင်ကျော်ဦးနှင့် ဦးခင်မောင်ဝင်းတို့က ပြိုင်ပွဲကျင်းပရခြင်းနှင့် စည်းကမ်းချက်များ၊ စခန်းမှူးရဲအုပ်ကျော်သူဝင်းက လုံခြုံရေးဆိုင်ရာများနှင့် ဒေါက်တာငြိမ်းချမ်းပြည့်ဖြိုးက ကျန်းမာရေးဆိုင်ရာများကိုရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်သည်။

ဖွင့်ပွဲတွင် သံပုရာခုံအသင်းနှင့် ဆုံကုန်းအသင်းတို့ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၂၆ ရက်မှ စက်တင်ဘာ ၄ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။               

ကိုမင်း(ပြန်/ဆက်)