မိုးညို    ၁၀   ဒီဇင်ဘာ 

 

 

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်တွင် "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်လျော့နည်းရေးခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကို ရွှေပြည်သာရပ်ကွက်ရှိ အ-လ-က(ခွဲ)ကျွန်းကလေး ကျောင်း၌ ဒီဇင်ဘာ(၁၂) ရက်နေ့နံနက်(၉)နာရီ လည်းကောင်း၊ "လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ရွှေဥဒေါင်းရပ်ကွက် ရှိ အလက(ခွဲ)တောင်ပိုင်းကျောင်း၌ ဒီဇင်ဘာ (၁၃) ရက်နံနက်(၉)နာရီတွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကို၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးကျော့ဟန်နှင့် မြို့နယ်ဉပဒေအရာရှိ ဒေါ်ဝင်းဝင်းမော်တို့က ဦးဆောင်ဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သိရသည်။

 

ကိုမင်း(မိုးညို)