နေပြည်တော်၊ အောက်တိုဘာ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ နန်းခမ်းကျေးရွာနေ မနွဲ့၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် အရာတော် မြို့နယ်၊ ဝါးတန်းကျေးရွာအုပ်စု၊ ဝါးတန်းကျေးရွာအနီးတွင် မသိင်္ဂီ(ခ)သိင်္စီ မောင်းနှင်ပြီး မဖြူဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၉၀၅ ကို လည်းကောင်း။
အလားတူ အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် ရမည်းသင်းမြို့၊ သီလဝ(၂) ရပ်ကွက်၊ စွယ်တော် လမ်းသွယ်တွင် သန်းမင်းထိုက် မောင်းနှင်ပြီး မစန်းစန်းဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)