နေပြည်တော် ဧပြီ ၂၉  

 

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာအနီးတွင် အောင်ကျော်လတ်(ခ)ကိုလတ် မောင်းနှင်ပြီး လင်းမောင်(ခ)လင်းမောင်မောင်နှင့် စိုးဦး(ခ)ကြက်တောတို့ လိုက်ပါလာသည့် Hino အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate ၆,၀၀၀ ကီလို ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ ၄၇(B)လမ်း၊ ၁၂၁ လမ်းနှင့် ၁၂၂ လမ်းကြား၊ အမှတ်(၃၉/၃)နေ ဦးတူး(ခ)ဝင်းစိုး၏ နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၉၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရန်ကင်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်းရှိ စားသောက်ဆိုင်အနီးတွင် သက်ဦး ခိုင်(ခ)ဖွာရွတ်နှင့် လှမျိုးဦး(ခ) အကြီးကောင်တို့ ၂ ဦးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ နောင်တောကျေးရွာအနီး၊ နောင်တရား- အောင်ပန်းသွား ကားလမ်းတွင် ခွန်အောင်သိန်း မောင်းနှင်ပြီး ခွန်သန်းအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(ရဲပြန်ကြား)