နေပြည်တော် အောက်တိုဘာ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာအနီးတွင် ခရီးသည်တင် EXPRESS မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂၈ ကီလို ကိုလည်းကောင်း။
အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ တွင် သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ တောင်ပြည်ညောင်ကျေးရွာအနီးတွင် ဇော်မျိုးကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် သက်ဖြိုးအောင်(ခ)မိုးဒီ မောင်းနှင်ပြီး သောင်းစိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊၊ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်အုပ်စု၊ ဖော့တော ကျေးရွာအနီးတွင် NOAH အမျိုး အစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃,၆၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)