မိုးညှင်း ဇူလိုင် ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာအနီးရှိ မိုးညှင်းအကျဉ်းထောင်မှ လွှတ်ငြိမ်းသက်သာခွင့်ရရှိသူ အမျိုးသား(၆)ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၄၇/၂၀၂၁ အရ ဇူလိုင်(၂၅)ရက် မွန်းတည့်(၁၂)နာရီခန့်က လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဥ်းသား(၆)ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွှတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ကျင့် ၄၀၁(၁)အရ ပြန်လည်လွှတ်ပေးမည်ဖြစ်ပါသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးလှိုင်မျိုးဦး၊ ခရိုင်လဝကဦးစီးမှူးဦးအောင်ဖြိုးဟန်၊ ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်စိုးသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသန်းဇော်ဟန်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဦးစီးမှူးဦးအေးလွင်၊ မိုးညှင်းအကျဉ်းဦးစီးဌာနတာဝန်ခံဦးနိုင်စိုးလင်းတို့အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း၊ ဆုံးမဩဝါဒစကားပြောကြားခြင်း၊ ထောက်ပံ့စရိတ်၊ လမ်းစရိတ်နှင့် စားစရိတ်များပေးခြင်းစသည့်လိုအပ်သည်များကို ပံ့ပိုးကူညီပေးပြီး ၎င်းအကျဥ်းသားများအား မိမိနေရပ်သို့ထွက်ခွာနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် အသီးသီးလိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်း(ပြန်/ဆက်)


