မိုးညှင်း ၁၄ ဧပြီ

 

မိုးညှင်းခရိုင် ကုတင် ၁၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် မိုးညှင်းဒီဂရီကောလိပ် ဓာတုဗေဒဌာနမှ ထုတ်လုပ်ခဲ့သည် လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဆေးရုံအပေါ်ထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

လှူဒါန်းပေးအပ်ပွဲတွင် မိုးညှင်းဒီဂရီကောလိပ် ရူပဗေဒဌာနမှ (ဌာနမှူး) ဒေါက်တာထွေးထွေးယဉ်က ဒီဂရီကောလိပ် ဓာတုဗေဒဌာနဓာတ်ခွဲခန်းတွင် ထုတ်လုပ်ခဲ့သည့် Hand  Sanitizer  27 Liter ဘူး (၅၀)၊ Hand Sanitizer 1 Liter (၂)ဘူး၊ Hand Wash 1 Liter ၂၅ ဘူးတို့ကို ပေးအပ်ရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးနှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြူလေးဝေတို့က လက်ခံရယူခဲ့ကြသည်။

 

အဆိုပါ လှူဒါန်းပေးအပ်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အလားတူ မိုးညှင်းဒီဂရီကောလိပ်ဘာသာရပ်ဌာနအသီးသီးမှ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ် ကုသရေးအတွက် အလှူငွေကျပ် ၂၇၆၀ဝ၀ကို ယခုလ ၁ ရက်နေတွင်လည်းကောင်း ယခုလ ၁၂ ရက်နေ့တွင် Hand  Sanitizer  27 Liter (၅၂)ဘူးနှင့် Hand Wash 34 Liter(၃၆)ဘူး တို့ကို ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)