မိုးညှင်း၊  ၃၀  ဇန်နဝါရီ

 

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၆ ကျောင်းတွင် တပ်ဆင်အသုံးပြုရန်အတွက် ခြေနင်းလက်ဆေးဘေစင်များ လှူဒါန်းခြင်းကို ဇန်နဝါရီ ၂၉ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ထိုသို့လှူဒါန်းရာတွင် မိုးညှင်းမြို့ရှိ အခြေခံပညာကျောင်း ခုနစ် ကျောင်းအတွက် ခြေနင်းလက်ဆေးဘေစင် ခုနစ် ခု၊ မိုးကောင်းမြို့နယ်ရှိ အခြေခံပညာကျောင်း သုံး ကျောင်းအတွက် ခြေနင်းလက်ဆေးဘေစင် သုံး ခု၊ ဖားကန့်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း ခြောက် ကျောင်းအတွက် ခြေနင်းလက်ဆေးဘေစင် ခြောက်ခုတို့ကို တပ်ဆင်လှူဒါန်း သွားမည်ဖြစ်သည်။

 

mdn

 

 

“အဓိကတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်း ဖွင့်ထားတဲ့ကျောင်းတွေမှာ တပ်ဆင်ဖို့ ရည်ရွယ်တင်ပြ ထားတာ၊ ဒီနေ့မှာ မိုးကောင်းမြို့နယ်အတွင်းရှိ ကျောင်း သုံးကျောင်းနဲ့ နန်းမားမြို့မှာရှိတဲ့ ကျောင်း နှစ်ကျောင်း၊ လယ်မှီးကျေးရွာမှာရှိ ကျောင်း တစ်ကျောင်းမှာ လှူဒါန်းသွားမယ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ မိုးညှင်းမြို့ အတွင်းမှာရှိတဲ့ ကျောင်း လေးကျောင်းကို ဆက်လက်လှူဒါန်းပေးသွားမယ်၊ နောက်ပြီး ဖားကန့်မြို့မှာရှိတဲ့ ကျောင်းတွေကိုလည်း အချိန်နှင့်တစ်ပြေညီ လှူဒါန်းပေးသွားမယ်”ဟု ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဦးငယ်က ပြောသည်။

 

 

ယခုတပ်ဆင်ပေးသည့် ခြေနင်းလက်ဆေးဘေစင်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခမဲ့လှူဒါန်း ပေးပို့ခြင်းဖြစ်ပြီး တပ်ဆင်မှုကိုလည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်တိုင်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ကျော်ကျော်ထွေး(မိုးညှင်း)