မိုးညှင်း ၁၉  စက်တင်ဘာ 

 

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၁၉ - ၂၀၂၀ ပညာသင် နှစ်တွင် တိုင်းရင်းသား ဘာသာစာပေသာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင် အထောက်အကူပြု  TA(Teaching Assistant) နေ့စား(၂၂၄)ဦးနှင့် တိုင်းရင်းသား ဘာသာစာပေ သီး သန့်သင်ကြားရန်  LT (Language Teacher)၁၅ဦးတို့အား စက်တင်ဘာလမှစတင်၍ခန့်အပ်တာ ဝန်ပေး သင်ကြားစေမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

8

 

မိုးညှင်းခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ပါဝင်ပြီး တစ်မြို့နယ်ချင်းအလိုက် ခန့်အပ်ထားသည့် တိုင်းရင်းသား စာပေဘာသာစကားသင်  နေ့စားလပေးများအနေဖြင့် မိုးညှင်းမြို့နယ်တွင် တိုင်းလိုင် ၇၄ ဦး၊ ဂျိန်းဖော ၉ ဦးနှင့် တိုင်းလုံ ၆ ဦး၊ မိုးကောင်းမြို့နယ်တွင် တိုင်းလိုင် ၅၈ဦး၊ ဂျိန်းဖော၂၄ ဦး၊ တိုင်းလုံ ၅ ဦး၊တိုင်းလေ ၂ ဦး၊ ဖားကန့်မြို့နယ်တွင် ဂျိန်း ဖော ၃၀၊ ဇိုင်ဝါး ၄ ဦး၊လော်ဝေါ် ၁ဦး၊လာချိဒ် ၁ ဦး၊ လီဆူ ၁ ဦး၊ရဝမ် ၅ ဦး၊တိုင်းလိုင် ၃ ဦး၊တိုင်းလုံ ၁ ဦး တို့ကို ခန့်အပ်သင်ကြားစေမည် ဖြစ်သည်။

 

တိုင်းရင်းသား ဘာသာစာပေသီးသန့်  LT (Language Teacher)သင်ကြားရန်မိုးကောင်းမြို့နယ်တွင် ဂျိန်းဖော ၄ ဦး၊တိုင်းလုံ ၁ ဦးနှင့် ဖားကန့်မြို့နယ်တွင် ဂျိန်းဖော ၁၀ ဦးတို့အား ခန့်အပ် ထားကြောင်း သိရသည်။

 

တိုင်းရင်းသား ဘာသာစာပေသင်ကြားမှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး  ဦးခိုင်ဝေက “အခြေခံပညာကျောင်းများရဲ့ စာသင်ချိန်တွေထဲမှာ (၁)ချိန်ထည့်သွင်းသင်ကြားစေမှာဖြစ်တယ်၊ ဘယ်အချိန်လို့တော့ သတ်မှတ်ထားတာမရှိဘူး၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးရဲ့ စီမံမှုနဲ့သင်ကြားစေတယ်”ဟုပြောသည်။

 

9

 


TA(Teaching AsSistant) နေ့စားများအနေဖြင့်  တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုအပြင် လိုအပ်ပါက ကျောင်းသင်ဘာသာရပ်များကိုလည်း သင်ကြားပေးရမည်ဖြစ်ပြီး၊ LT (Langu age Teacher) များအနေဖြင့် တစ်ရက်လျှင်စာသင်ချိန် (၁)ချိန်သာ မိမိတိုင်းရင်းသား ဘာသာစာပေ သီးသန့်သာ သင်ကြားပေးရမည်ဖြစ်ပြီး ထောက်ပံ့ကြေးအနေဖြင့် ၁ လ (၃၀ဝ၀ဝိ/)ကျပ်ရရှိမည်ဖြစ်ပြီး အခြေခံပညာမူလတန်းဆင့်တွင်GRADE (1 ၊ 2 ၊ 3)မှစ၍ တိုင်းရင်းသား ဘာသာစာပေ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)