မိုးညှင်း   စက်တင်ဘာ   ၂၂

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်အေးက မိုးညှင်း စာပေ၊ အနုပညာ၊ ရသစုံမဂ္ဂဇင်းစာအုပ်မှ “ အင်းတော်ကြီး(ရွှေမဉ္ဇူ)ရေလယ်ဘုရား”၏ သမိုင်းအကျဉ်း အကြောင်းအရာဖြင့်လည်းကောင်း၊ အကြီးတန်းစာရေးဒေါ်ဝင်းဝင်းခိုင်က စာရေးဆရာ ဗန်းမော်ညိုသူ ရေးသားထားသည့် “ဥယျာဉ်မှူးကောင်း” အကြောင်းအရာဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြရာ အခြားဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး အဆိုပါဆွေးနွေးချက်များအပေါ် ခရိုင်ဦးစီးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဇွဲသူရအောင်(ခရိုင်ပြန်/ဆက်)