မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

မိုးညှင်း မေ       ၅

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် မေ ၅ ရက်(ယနေ့)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သည် ယနေ့ နံနက်ပိုင်းက ထီးလင်းသာသနာ့ဗိမာန်ကျောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်စိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ၊ ဘုရားစေတီပုထိုးများတွင် ရေသပ္ပါယ်ခြင်းများနှင့် သွေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)