မိုးညှင်း အောက်တိုဘာ ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၇၇၅၀) ဦးအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကာကွယ်ဆေးထိုးနှံရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းအမှုဆောင်များနှင့် ဆရာဆရာမများ ၏ ဝိုင်းဝန်းကူညီမှုဖြင့် အထက(၁)မိုးညှင်း၊ အထကဟိုပင်၊ အထကနန်းမား၊ အထကမှော်ဟန်၊ အထက အင်းတော်ကြီးနှင့် အထကနန့်မွန်းစသည် နေရာ(၆)နေရာများ သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်အတွင်း အခြေခံပညာအထက်တန်းအဆင့် ကျောင်း (၂၇)ကျောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်း (၂၆)ကျောင်းနှင့် အခြေခံပညာ မူလတန်း(လွန်)အဆင့် ကျောင်း (၁၈)ကျောင်းစသည် စုစုပေါင်းကျောင်း(၇၁)ကျောင်းတို့မှ ကျောင်းသား/သူ (၇၇၅၀)ဦးအား သတ်မှတ်ထားသည့် နေရာများ၌ ကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရှိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)