မိုးညှင်း          မတ်    ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် လူနေအိမ်ခြေ (၄၅)အိမ်အား လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများကို မတ် (၁၃)ရက် နံနက်ပိုင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့က သွားရောက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို ဦးဆောင်သည့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်နှင့် ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများပူးပေါင်း၍ လေဘေးဒဏ် ပိုမိုခံနိုင်ရည်ရှိစေရေး နေအိမ် ပြင်ဆင် မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည်။ နေအိမ်ပြင်ဆင်မွမ်းမံခြင်းအတွက် လူနေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်(၄၀၀၀၀)နှုန်းဖြင့် လူနေအိမ်(၄၅)အိမ်အတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ် (၁၈)သိန်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နေအိမ်မွမ်းမံပြင်ဆင်သည့် နေအိမ်များသို့ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေမိုးညှင်း