မိုးညှင်း စက်တင်ဘာ ၂၆

 

မိုးညှင်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍  သားဆက်ခြားခြင်းနှင့်မျိုးဆက်ပွါးခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင်  ကျင်းပြုလုပ်ခဲ့သည် ။

 

 အခမ်းအနားတွင် မိုးညှင်းခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်လွင်လွင်မော်မှ အဖွင့်အမှာစကားပြောကြားပြီး  မော်ဟန်ကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်ဖြစ်သူ ဒေါ်နော်တင်တင်အောင်မှ သားဆက်ခြားခြင်း မျိုးဆက်ပွားခြင်းနှင့် နေ့စဉ်သောက်သားဆက်ခြားခြင်းတို့ကိုလည်းကောင်း၊  ဒေါ်ချောချောမှ သန္ဓေတားဆေးအကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် ဒေါ်မိုးမိုးအောင်မှ သားအိမ်တွင်း ပစ္စည်းထည့်ခြင်းနှင့် ပတ်သက်သော  အကြောင်းအရာများအားလည်းကောင်း ရှင်းလင်းပြောကြားပြီး ဒေါ်ခိုင်ယဉ်မြင့်ဝင်းမှ (၃)လခံ ထိုးဆေးအကြောင်းသိကောင်စရာများနှင့် ဒေါ်နီနီဝင်း မှ  HIV ရောဂါအကြောင်း တို့ကိုလည်ကောင်း  မော်ဟန်ကျေးလက်ကျန်းမာရေးဌာနမှ   ဆရာမ ဒေါ်မိုးမိုးလှိုင်မှ မျိုးဆက်ပွားခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်ကောင်း၊  ကျန်းမာရေးမှူး ဒေါ်စန်းအေးမှ သားအိမ်ကင်ဆာ  တီဘီရောဂါနှင့် ငှက်ဖျားရောဂါအကြောင်းတို့ကို ရှင်းလင်းပြောကြားသည် ။

 

ဆက်လက်၍ အမှတ်(၃)လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးဌာနစိတ်မှ  ဒုရဲအုပ် ဌေးဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည် ။ အဆိုပါအခမ်းအနားသို့ မော်ဟန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအောင်ဆန်းဝင်း ရာအိမ်မှူး/ ဆယ်အိမ်စုမှူးများ မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ  ကိုယ်ဝန်ဆောင်မိခင်များစုစုပေါင်းအင်အား (၆၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

နီတိုး