မိုးညှင်း ၁၈ မတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာလေးတန်ချောင်း မိုးတွင်းကာလ ရေကြီး ရေလျှံမှုနှင့် လယ်ယာမြေ ချောင်းကမ်းပါး ရေတိုက်စားမှုမှ ကာကွယ်ရန် ချောင်းကော ဆယ်ယူခြင်းလုပ်ငန်းကို ရွှေနန်းတင် လမ်းတံတား ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး မော်ဟန်ကျေးရွာ ဒေသဖွံဖြိုးရေး ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
"မော်ဟန်ရွာ လေးတန်ချောင်း ရေစီးရေလာ ကောင်းမွန်ဖို့ မိုးတွင်းကာလမှာ ရေကြီး ရေလျှံမှုကြောင့် လယ်ယာမြေ ချောင်းကမ်းပါးပျက်စီးမှုမှ ကာကွယ်နိုင်ဖို့ ကျေးရွာအတွင်း ရေလွှမ်းမိုးမှုဒဏ်မှ ကာကွယ်နိုင်ရေးအတွက် ချောင်းကော ဆယ်ယူခြင်းလုပ်ငန်းကို မတ်လ ၈ ရက်နေ့က စတင်ဆောင်ရွက်ပါတယ်။ မော်ဟန်ရွာ ဒေသခံများရဲ့စိတ်တိုင်းကျ ဖြစ်စေဖို့ ရေ/မြစ်/ဖြိုးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး စနစ်တကျ ဆောင်ရွက်သွားမှာပါ" ဟု မော်ဟန်ကျေးရွာ ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးမောင်မြင့်က ပြောကြားသည်။
ဝ၇၈


