မိုးညှင်း ၂၀ သြဂုတ်


မိုးညှင်းမြို့နယ် ဘီးလူးကျေးရွာအုပ်စု အုန်းစံဆိုင်ကျေးရွာတွင် ယခုလ  ၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စု ၂၅ စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ပစ္စည်းများကို မိုးညှင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများက ယမန်နေ့ ညနေ  ၅နာရီတွင် ကျေးရွာဓမ္မာရုံ၌ ပေးအပ်ခဲ့ကြသည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ဦးသန်းထွန်းက အမှာစကား ပြောကြား၍ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဦးငယ်က ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သည့် တစ်ကိုယ်ရေသုံးပစ္စည်း ၁၁ မျိုး ပါဝင်သည့်  ကတ်ထူပုံးငယ်တစ်ခုနှင့် မိုးကာလိပ်နှစ်ခုတို့အား အိမ်ထောင်စု ၁စုချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

    
အလားတူ မိုးညှင်းမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကလည်း ယခုလ ၁၀ ရက်နေ့တွင် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
    
                               

ကျော်ကျော်ထွေး(မိုးညှင်း)

 

1