မိုးညှင်း   ဒီဇင်ဘာ   ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူ ၂၄၉ ဦးအား ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို ဒီဇင်ဘာ ၂၃ ရက်အထိ ငွေကျပ် ၁၇၃၁ သိန်း ထုတ်ချေးပေးနိုင်ခဲ့သည်။

ထိုသို့ ထုတ်ချေးပေးရာတွင် မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို နိုဝင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ကျေးရွာ ဘဏ်အဖွဲ့ဝင် တောင်သူ ၂၄၉ ဦးအား ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက်ဧက ၁၇၃၁ အတွက် ချေးငွေစုစုပေါင်း ကျပ် ၁၇၃၁ သိန်း ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအောင်စိုးဦးထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)