နေပြည်တော် ဒီဇင်ဘာ ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာ အနီး တွင် သန်းစိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မမေဇင်ဝင်း မောင်းနှင်ပြီး မသက်သက်မာ လိုက်ပါလာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇,၈၂၀ နှင့် ဘိန်းစိမ်း ၁ ကီလို ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ တောင်နောက် ကျေးရွာအုပ်စု၊ ဟိုတင်ကျေးရွာအနီးတွင် ကျော်စွာဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်