မိုးညှင်းနှင့် မောင်တောမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀  မေ 

 

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၉ ရက် ညနေပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာအဝင်၊ မိုးညှင်း-ဝှေခါသွားကားလမ်းတွင် ရဲမင်းသိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀ဝ သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့မွန်းတည့် ၁၂ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ ကျီးကျွန်း ကင်းစခန်းအနီးတွင် ဆွေယုဟူဆိန်းနှင့် ဆွေတာလောင်တို့ ၂ ဦးအားတွေ့ရှိ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀ဝ သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN