နေပြည်တော်၊ ဇန်နဝါရီ ၂၈  

 

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီတွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ကြာကြီးကွင်းကျေးရွာအနီးတွင် အောင်စိုးနိုင် (ခ)အသေးလေး မောင်းနှင်ပြီး စောတင်မိုးအောင်(ခ)စွမ်းထက်အောင်(ခ)ဖိုးခွား လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၈၈ ကီလိုကိုလည်း‌ကောင်း၊  ယင်းနေ့ နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖောင်းပြင် မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ကုန်းအောက်တောင်း ကျေးရွာအနီး၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းတွင် မြင့်လွင်(ခ)မြင့်ကို မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

(ရဲပြန်ကြား)