mdn

နေပြည်တော် ၂၂ အောက်တိုဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ သဲခုန်-တကွင်းကျေးရွာသွား ကားလမ်း၊ တကွင်းကျေးရွာအနီးတွင် မအေးအေးစန်း(ခ)ဖြူဖြူထွေး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၇၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ငြိမ်းချမ်းသာဇံ ကျေးရွာအုပ်စု၊ နွယ်နီကျေးရွာ မအေးသန္တာ(ခ)ဟာဆီးနား၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၁၃၅ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား