mdn

နေပြည်တော် ၁၁ နိုဝင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် မိုးညှင်းမြို့နယ်၊ မန္တလေး-မိုးညှင်းသွား ကားလမ်း၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သိန်းထက်အောင် မောင်းနှင်ပြီး ရဲကျော်စွာထွန်း လိုက်ပါလာသည့် SOJEN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၃ ဒသမ ၅ ကီလိုကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာ၊ မနန်းဝိုးခမ်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၀၅၊ ထိုင်းနိုင်ငံ သုံးဘတ်ငွေ ၆၇၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား