မိုးညှင်း        ဇွန်       ၂၅

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး စားပွဲတင်တင်းနစ် ဗိုလ်လုပွဲနှင့် ‌ဆုချီးမြှင့်ပွဲကို ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက ရတနာခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများအား အမှာစကားပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများက ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)