မိုးညှင်းတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲအခမ်းအနားကျင်းပ

မိုးညှင်း  မေ      

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ  မိုးညှင်းတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များ ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက ရတနာခန်းမ၌ ကျင်းပရာ  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ပါမောက္ခ/ဌာနမှူးများက နည်းပြ/သရုပ်ပြ ဆရာ ဆရာမသစ်လွင် ၄၀ တို့ကို ကြိုဆိုမိတ်ဆက်စကား ပြောကြားကြသည်။

 

မိုးညှင်းတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ ဆရာမသစ်လွင်များအနေဖြင့် မြန်မာစာဌာနတွင် တစ်ဦး၊ အင်္ဂလိပ်စာဌာနတွင် ခုနစ်ဦး၊ ပထဝီဌာနတွင် သုံးဦး၊ သမိုင်းဌာနတွင် သုံးဦး၊ ဓာတုဗေဒဌာနတွင် ခြောက်ဦး၊ ရူပဗေဒဌာနတွင် ရှစ်ဦး၊ သင်္ချာဌာနတွင် ခြောက်ဦး၊ သတ္တဗေဒဌာနတွင် နှစ်ဦး၊ ရုက္ခဗေဒဌာနတွင် လေးဦး စုစုပေါင်း ၄၀ ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)