မိုးညှင်း ၆ ဇန်နဝါရီ

 

မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလျှင် အချိန်နှင့်တပြေးညီ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့ စိမ်းလဲ့ရတနာ ခန်းမ၌ ဖွင့်ပွဲကျင်းပရာ သင်တန်းသား၊ သင်တန်းသူ ၁၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံစစ်ရေးပြ ဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များကို စာတွေ့လက်တွေ့ ပို့ချသင်ကြားသွားမည် ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဦးခင်မောင်ကျော် က အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် မီးသတ်ဝတ်စုံများကို ခရိုင်မီး သတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက်က ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့မှ ဦးအောင်ဆန်းဦးက လက်ခံရယူခဲ့သည်။

 

မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၁၉ခုနှစ်အတွင်း မီးလောင်မှု (၂၁)ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် (၂၇)လုံးနှင့် စုစုပေါင်း ငွေကျပ် ၄၇၆ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

 

ကျော်ကျော်ထွေး (မိုးညှင်း)