မိုးညှင်း ၉ မတ်
ကချင်ပြည်နယ်အတွင်း စပါးအပါအဝင် အခြားစိုက်ပျိုးရေးသီးနှံ စိုက်ဧကအများဆုံး စိုက်ပျိုး ထုတ်လုပ်သည့် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ (KOPIA Project)တို့ ပူးပေါင်းဆောင်ရွက်သော ဆောင်းသီးနှံ(ပဲပုပ်) ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက အကျိုးဆောင်တောင်သူ ဦးဖိုးလုံး စိုက်ပျိုးထားသည့် ကွင်းအမှတ်(၃၁၂) ရေဆင်း(၆) ပဲပုပ်စံပြစိုက်ခင်း၌ ကျင်းပသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းရွှေနှင့် ပဲပုပ်ပညာရှင် ဒေါက်တာမာမာဝင်းတို့က အခမ်းအနား တက်ရောက်လာကြသည့် ပဲပုပ်စိုက် တောင်သူများအား ပဲပုပ်စိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေးအသုံးပြုရာတွင် လိုက်နာရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ မေးမြန်းဆွေးနွေးသည့် ပဲပုပ်စိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပဲပုပ်ပညာရှင်ဒေါက်တာမာမာဝင်းက ရှင်းလင်းဖြေကြားသည်။
မိုးညှင်းမြို့နယ်အတွင်း ပဲပုပ်စိုက်ပျိုးသည့် တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့ရာ ယခုနှစ်အတွင်း ဆောင်းသီးနှံ ပဲပုပ်စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး အများဆုံးစိုက်ပျိုးသည့် ပဲပုပ် အမျိုးအစားမှာ ရေဆင်း(၁၁)နှင့် ရေဆင်း(၆) ပဲပုပ်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးသုတေသ နဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက ပြောသည်။
ကျော်ကျော်ထွေး(မိုးညှင်း)
