မိုးညှင်း ၂၂ မေ


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် သျှမ်းနီစာပေသင်ကြားမည့် ဆရာ ဆရာမ မွမ်းမံ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

 

1

 


မိုးညှင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ သျှမ်းနီစာပေသင်ကြားနေသည့် ဆရာ ဆရာမ ၆၀ ကျော်အား သင်ကြားမှု အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အဆိုပါမွမ်းမံ သင်တန်းဆင်းပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက အမှာစကား ပြောကြားပြီး ခရိုင်သျှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးချစ်ငွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

 

1


အလားတူ အင်းတော်ကြီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် သျှမ်းနီစာပေ သင်ကြားပေးနေသည့် ဆရာ ဆရာမ ၉၀ ကျော်ဖြင့် ယခုလ ၇ ရက်နေ့တွင် မွမ်းမံ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီးဖြစ်သည်။


မိုးညှင်းခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သျှမ်းနီစာပေသင်ကြားသည့် ဆရာ/ဆရာမပေါင်း ၃၁၅ ဦးရှိရာ နေ့စားလပေး ၄၈ ဦးရှိပြီး ကျန်ဆရာ/ဆရာမများကို ထောက်ပံ့ငွေ ၃၀ဝ၀ဝ ထောက်ပံ့ပေးကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


ကျော်ကျော်ထွေး (မိုးညှင်း)