မြို့နယ် ၂၃၄ မြို့နယ်တွင် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေး

၂၆ နိုဝင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်ကိုးလမှ ငါးနှစ်ခွဲ အရွယ် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်း ထိုးနှံခြင်း လုပ်ငန်းကို  နိုဝင်ဘာလ (၂၆)ရက်၊  နံနက်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံအနှံအပြားရှိ မြို့နယ်များတွင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ဝက်သက်-ဂျိုက်သိုးနဲ့ ပိုလီယို ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ တုန်းက မြို့နယ် (၉၆) မြို့နယ်မှာ ထိုးနှံတိုက်ကျွေးခဲ့ပြီး ယခု နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ် ၂၃၄ မြို့နယ်မှာ အပိုဆောင်း ထိုးနှံပေးမှာ ဖြစ်ပါတယ်။

 

ဝက်သက်ရောဂါနဲ့ ဂျိုက်သိုး ရောဂါကနေ ကလေးတွေအားလုံးကို ကာကွယ်ပေးဖို့ရည်ရွယ်တာကြောင့် “အပိုဆောင်း” ထိုးနှံပေးတာ ဖြစ်ကြောင်း၊ ဒါကြောင့် အသက် (၉) လကနေ (၅) နှစ်ခွဲအရွယ် ကလေးလေးတိုင်းကို ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာရှိ ကာကွယ်ဆေးထိုးစုရပ်တွေမှာ သွားရောက်ပြီး အပိုဆောင်း ထိုးနှံပေးဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားကြောင်းသိရသည်။

 

MDN