ဆိပ်ဖြူ    ၁၉    နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှ ဦးဆောင်ကြီးကြပ်၍ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင်ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ အဂတိတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး ၊တေးသရုပ်ဖော် ၊ကဗျာသရုပ်ဖော်နှင့် Role Play ပြိုင်ပွဲများကို ယ‌နေ့နံနက် ၉ နာရီက ဆိပ်ဖြူ အထက်တန်းကျောင်း တွင် ပြုလုပ်သည်။

 

အဆိုပါ ပြိုင်ပွဲကို မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ ငယ်စဉ်အချိန်မှ အဂတိတရား ကင်းစင်ပြီး ဖြောင့်မတ်တည်ကြည်ခြင်း၏ အကျိုးနှင့် အဂတိ တိုက်စားခြင်း၏ အပြစ်တို့ကို သိရှိပြီး ၊မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ဆောင်ရွက်နိုင်သည့် မျိုးဆက်သစ် နိုင်ငံသားကောင်း ကလေးသူငယ်များ လူမှုဘဝ တစ်လျှောက်လုံး ကျင့်သုံး ခြင်းဖြင့် ငြိမ်းချမ်းသာယသည့် လူ့ဘောင် အဖွဲ့အစည်းနှင့် ဒီမိုကရေစီတစ်ရပ်ကို ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ မြို့နယ် အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး ၊တေးသရုပ်ဖော် ၊ကဗျာသရုပ်ဖော် နှင့်  Role Play     ပြိုင်ပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

 

အဆိုပါ ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်သူရက အပြည်ပြည်ဆိုင်ရာ အဂတိ တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး ပြိုင်ပွဲများကိုဆက်လက်ကျင်းပရာ မြို့နယ် ပညာရေးနယ်မြေ (၁၄) ခုမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ရာ စာစီစာကုံးပြိုင်ပွဲကို အထက်တန်း ၊အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ၊ တေးသရုပ်ဖော် ပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ၊ ကဗျာသရုပ်ဖော် နှင့်  Role Play  ပြိုင်ပွဲများကို မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။

 

စိုးလင်းနိုင်(IPRD)