ဒေးဒရဲ ၂၄ နိုဝင်ဘာ
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီက အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အင်္ဂလိပ်စာ ရေးဖြေပြိုင်ပွဲတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၃ ဦးနှင့် သင်္ချာရေးဖြေပြိုင်ပွဲတွင် မူလ တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၄ ဦး တို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)