ကန့်ဘလူ ၁၄  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ(EPI Reviews Meeting 2019)ကို ဒီဇင်ဘာလ နောက်ဆုံးပတ်က နှစ်ရက်တာကျင်းပခဲ့ရာ ခုတင် ၁၀ဝ ဆေးရုံအုပ် ဒေါက်တာနေမိုး၊ မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းဌေး၊ ရပ်ကွက်/ကျေးရွာများမှ အခြေခံကျန်းမာရေးဝန်ထမ်း ၆၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 အဆိုပါ ဆွေးနွေးပွဲတွင် ကာကွယ်ဆေးထိုးလုပ်ငန်း၏ လွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါ ၁၁ မျိုး၏ ကာကွယ်မှု၊ဖြစ်ပွားမှုနှင့်သေဆုံးမှုများ ဆန်းစစ် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများမှာ တီဘီ၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အဆုတ်ရောင်၊ အသားဝါ(ဘီ)၊ ဝက်သက်၊ ဂျာမန်ဝက်သက်၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန်အဆုတ်ရောင်ရောဂါများကို ကာကွယ်ဆေးဖြင့် မဖြစ်ပွားအောင်ကာကွယ်နိုင်ကြောင်း ဒေါက်တာနေမိုး ၏ပြောပြချက်အရ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)