ဖောင်းပြင် ၂၃   စက်တင်ဘာ 


      
ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈- ၂၀၁၉ခု ဘဏ္ဍာရေးနှစ် အတွက် မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ စံပြကျေးရွာရွေးချယ်ပွဲနှင့် သုံးသပ်ဆွေးနွေး ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပပြုလုပ်ရာ မော်လိုက်ခရိုင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ| မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မော်လိုက်ခရိုင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ခရိုင်ဦးစီးမှူး ဦးသိန်းမင်းက  မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူအပေါ် အကျိုးဖြစ်ထွန်းမှုရလဒ်ကောင်းများ အမှန်တကယ်ရှိမရှိ| အမှန်တကယ်လုပ်ကိုင် ဆောင် ရွက်သော ပြည်သူများမှ လေ့လာတွေ့ရှိချက်များကို ဆန်းစစ်ဖို့အတွက် အခမ်းအနားကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

၇

 

၎င်းနောက် ကျေးရွာများမှ မြစိမ်းရောင်ကော်မတီဝင်များက မိမိတို့ကျေးရွာများတွင် စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းများကိုဆွေးနွေးကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရဲထွန်းနိုင်က ကျေးရွာများတွင် လမ်းခင်းခြင်းဆောင်ရွက်နေမှုများအပေါ် "မီးဘေးအန္တာယ်ကြုံတွေ့ပါက မီးသတ် ယာဉ်များ အလွယ်တကူဝင်ထွက်နိုင်မှသာလျင် မီးငြှိမ်းသတ်ခြင်းကို ထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် မီးသတ်ယာဉ်များအလွယ်တကူဝင်ထွက်နိုင်ရေး ကျေးရွာလမ်းများ ချဲ့ထွင်ပေးစေလိုကြောင်း" ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။

 

အဆိုပါ အခမ်းအနားတွင် မြစိမ်းရောင်စီမံကိန်း စံပြကျေးရွာများအားရွေးချယ်ပေးခဲ့ပြီး ပထမ|ဒုတိယ| တတိယဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ရာ ပထမဆုရ(ရွှေညောင်ပင်)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းမှ အတိုးရရှိငွေကျပ်(၁၂၂၄၆၀ဝ၀)မှ (၅၀)ရာခိုင်နှုန်း သုံးစွဲငွေကျပ်(၆၁၂၃၀ဝ၀)| ပြည်သူထည့်ဝင်ငွေ(၇၆၅၅၀ဝ၀)ကျပ်နှင့် ပုဂံတောင်ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာချင်းဆက် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား အရှည်ပေ(၁၂၆၀) | အကျယ်(၁၂)ပေ| အမြင့်(၆) လက်မရှိ လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း လမ်းများကောင်းမွန်လာသည့်အတွက် ကုန်စည်ပို့ဆောင်မှုနှင့် ပညာရေး| ကျန်းမာရေး လုပ်ငန်းများအတွက် ဖွံ့ဖြိုးမှုများရှိလာခဲ့ကြောင်း ကျေးရွာကော်မတီဝင်များထံမှသိရသည်။

 

ကိုထွန်း(ဖောင်းပြင်)