ဝမ်းတွင်း ၁၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်တွင်းမြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုစိတ်ဓာတ်တေးသီချင်းဖြင့် ကပြဖျော် ဖြေကာ အခမ်းအနားကို စတင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က ကလေးများဘဝမြင့်မားစေရေး ပညာရေးဌာနအနေဖြင့် အလွန်ပင်အရေးကြီးကြောင်း၊ ကလေးငယ်ဘဝမှ စတင်၍ ကောင်းမွန်သော အသိပညာ၊ ဗဟုသုတများကို သင်ကြားပေးနေသော ပညာရေးဌာန၏ ရည်ရွက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်းက မြို့နယ်အတွင်းရှိ ကျောင်းများတွင် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်နှင့် ဦးအောင်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ဆုရကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)