နေပြည်တော် ၂၄ ဇွန်
တပ်မတော်မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် နံနက် ၁ နာရီခွဲက မံစီမြို့နယ်၊ သံတံတားကျေးရွာအထွက် ကားလမ်းပေါ်တွင် မောင်မောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,ဝ၀ဝ နှင့် ငွေကျပ် ၄၃,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်တပ်ဖွဲစု(၃၄)ကော့သောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်းနေ ပိုက်ဦးစိုး ၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၁၈ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ၊ ဘိန်းစာမှုန့် ၉၉၀ ဂရမ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ပွိုင့် ၃၈ ဗို့ကျည် ၁၃ တောင့်တို့ကိုလည်းကောင်း၊
ထို့အတူ ဇွန် ၂၂ ရက် ညပိုင်းက ဒိုးပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာအနီး၊ ဟိုခို-ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်းတွင် အောင်နိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၇၀ ကိုလည်း ကောင်း၊ အလားတူ ဇွန် ၂၃ ရက် နံနက် ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် စိုင်းထွန်းနိုင် မောင်းနှင်လာသည့် KIA Bongo-III အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,ဝ၀ဝ ၊ ငွေကျပ် ၃၃ သိန်း နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်း အဖွဲ့သည် သိန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ မန်ချက်ကျေးရွာနေ အိုက်ဆာ ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၄၀ ၊ ဘိန်းဖြူ ၁၄ ဂရမ် နှင့် ငွေကျပ် ၂၄,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
(ကိုရဲ)