နေပြည်တော်၊ ၂၃ ဒီဇင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ထုံးကြီးတောင်ကြိုးဝိုင်း အကွက်အမှတ် (၅)အတွင်း တရားမဝင် ယမနေ/ သစ်ကဇော်/ ကညင်/ စကားဝါ/ တောင်တမာသစ်/ ခွဲသား/ ခွဲခြမ်း (၆၈)တန်ကို လည်းကောင်း။

 

ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်း အကွက်အမှတ် (၇၈၊ ၇၉)အတွင်း တရားမဝင် ကျွန်းသစ်/ ခွဲသား (၁၄)တန်၊ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကြိုးပြင် ကာကွယ်တောအတွင်း တရားမဝင် အင်သစ်တန် (၅၀)၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အနီး၊ ခုတ်ကွက်ကြီ (XXXIII) အတွင်း တရားမဝင် အင်သစ် (၉)တန်၊ မင်းကင်းမြို့နယ်၊ ရွာတော်ရွာ၏ အရှေ့မြောက်ဘက် (၁ ဒသမ ၅)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ် (၁၁)တန်နှင့် ထွန်စက် နောက်တွဲ (၂)စီးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)