နေပြည်တော် နိုဝင်ဘာ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေး ရွာအုပ်စု၊ ဖော့တောကျေးရွာအနီးတွင် TOYOTA HIACE အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိန်လှိုင်သယ်ဆောင် လာသည့် စုစုပေါင်း ငွေကျပ် ၁,၀၄၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို ကို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကွင်းဆက်တရားခံ သိန်းကျော်ကို ဖော့တောကျေးရွာလမ်းဆုံတွင် ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် မရမ်းကုန်း မြို့နယ်၊ (၅)ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ ကောင်းမြတ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၆၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မရမ်းကုန်း မြို့နယ်၊ (၅)ရပ်ကွက်၊ လေဆိပ်လမ်းမနှင့် အောင်ဇေယျလမ်းထောင့်တွင် မင်းမင်းသန်း နှင့် မအိသန္တာဆွေ တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ၊ TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း (မြောက်/အရှေ့)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်တွင် မျိုးမင်းထွန်း(ခ)ကိုမျိုးကို ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀ ကိုဖမ်းဆီးရမိခဲ့သည်။
နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း တွင် စည်သူဝင်း(ခ)စည်သူ မောင်းနှင်လာသည့် HARRIER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ အက်တက်စီ ဆေးပြား ၉၃၀ ၊ ကက်တမင်း သုည ဒသမ ၀၄၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၀၀၃ ကီလို၊ Happy Water သုည ဒသမ ၀၈၄ ကီလို ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ သန်လျင် ချဉ်းကပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဇော်ဝင်း(ခ)အိုစမန် ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၄၅ ကီလိုကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် သန်လျင်မြို့နယ်၊ သောက်တော်တွင်း ရပ်ကွက်၊ ဘုရားဖြူ လမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)