နေပြည်တော်  ဇွန် ၁

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သညမေ ၃၁ ရက် မွန်းတည့် ၁၂ နာရီတွင် မံစီမြို့နယ်၊ မံသာကျေးရွာအုပ်စု၊ မံရကျေးရွာအနီး၊ ကောင်လွင်-ဟန်ထက်ကျေးရွာ သွားကားလမ်းတွင် ထွန်းမြင့်ဦး မောင်းနှင်ပြီး ညွန့်ညွန့်ထွေး(ခ)မိအန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကိုလည်းကောင်း၊  ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ကော့ထမလိန်းကျေးရွာအုပ်စု၊ ပိုင်ရန်းကျေးရွာအနီး၊ ဘားအံ-အိန္ဒုသွား ကားလမ်းတွင် ထက်ဇော်(ခ)မဲလုံး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ မေ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလောမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ပုလောတံတားထိပ်တွင် သန့်ဇင်အောင် မောင်းနှင်ပြီး ဉာဏ်ဘုန်းမြင့်နှင့် သန့်ဇင် တို့လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀,၀၀၀ ကိုလည်းကောင်း။

 

အလားတူ မေ ၃၁ ရက်  နံနင် ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သညနောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မန္တလေး-လားရှိုးသွားကားလမ်းတွင် MARK II အမျိုးအစား ခရီးသည်တင်ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် ကိုရဲ(ခ)မြင့်နိုင်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊  ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအုပ်စု၊ ကျောက်ကူပြင် ကျေးရွာ အထွက်၊ ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်းတွင် ရှောက်ဆိုင်(ခ)လီရှောက်ဆိုင် မောင်းနှင်ပြီး မအေးချမ်းငြိမ်း လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၁၀ ကီလိုကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)