နေပြည်တော် မတ် ၂၈
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၇ ရက် ညနေ ၄ နာရီတွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Fuso အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၆,၂၅၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ တရုတ်တန်း ကျေးရွာအနီးတွင် အောင်ကိုကို (ခ) အောင်ကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလူးတူ ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင် မြို့နယ်၊ ရေငယ်ကျေးရွာအနီးတွင် ကျော်လင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၅၀ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို တို့ကိုလည်ကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပုပ္ပါးလမ်းတွင် ဝင်းဌေး မောင်းနှင်ပြီး ဝေဖြိုးအောင် နှင့် ရဲမင်းထွန်း(ခ)စောတင်မောင်တို့ လိုက်ပါလာသည့် Toyota VITZ အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား