နေပြည်တော် စက်တင်ဘာ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ အထက် မော်ဖောင်းကျေးရွာနေ မရွယ်ဂျီး(ခ)မချို ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၄၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် စိုးနောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ရွှေညောင်မြို့၊ မိုင်းသော်(အရှေ့)ကျေးရွာအုပ်စု၊ တောင်နီကျေးရွာအနီးတွင် စိုင်းခမ်းခက်(ခ) အခက်ကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီခွဲတွင် စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုင်းတိ(ခ)စိုင်းလံကို မိုင်းသော်(အရှေ့) ကျေးရွာအုပ်စု၊ တောင်နီကျေးရွာဈေးရှေ့တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်