မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၃

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မေ ၂ ရက် ညနေ ၆ နာရီတွင်  ဘားအံမြို့နယ်၊ ခရဲကမ်းနားကျေးရွာအုပ်စု၊ ဒူရိန်ကျေးရွာရှိ မောင်အမြင့် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၄၀ဝ ပြား၊ မြန်မာငွေကျပ် ၁၂ ဒသမ ၅၆၁ သိန်း ကိုလည်းကောင်း၊  အလားတူ မေ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်  ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျည်းရေကျေးရွာအနီးတွင် နေလင်း မောင်းနှင်ပြီး မနန်းစံမွန်း လိုက်ပါလာသည့် LAND CRUISER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄,ဝ၀ဝ ကို လည်းကောင်း။

 

ထို့ပြင် မေ ၁ ရက် ည ၁၁ နာရီတွင်  ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၉,၆၀ဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။

(သတင်းစဉ်)