နေပြည်တော် ဩဂုတ် ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၆ ရက် ည ၆ နာရီ မိနစ် ၅၀ တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ဆရာစံလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ စောနောင်(ခ)ကိုထက်(ခ)အောင်လေး နှင့် သန်းနိုင်ဇော်(ခ)ကိုနိုင် တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင်  ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ တောင်ကြီး-လွိုင်လင်သွားကားလမ်း ရွာသစ်ကျေးရွာအနီးတွင် ထွန်းထွန်းဦး(ခ)အာဇွင်း မောင်းနှင်ပြီး  ယွန်းဂျူလိုင်ဖူး လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ  စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၇၈၃ ကီလို၊ ကက်တမင်း သုည ဒသမ ၀၄၅ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် စိုင်းစွမ်ဆိုင်မိုင်းအား တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရွှေတောင်ကြားအိမ်ရာတွင် လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မျိုးမင်းထက်(ခ)ကိုထက် အား တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ကက်တမင်း သုည ဒသမ ၀၀၉ ကီလိုကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့၊ ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင် ဆိုင်ကယ်နှင့် ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်သူ ခွန်တင်ဝင်းအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်