နေပြည်တော် နိုဝင်ဘာ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၀ ရက် ညနေ ၅ နာရီ ၅၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာအနီးတွင် စိုင်းသူရ(ခ)ရာဇာမြင့် မောင်းနှင်ပြီး မစိန်းမြ နှင့် မမျိုးသူဇာလှိုင်(ခ)သူဇာ လိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက်တွင် ဂမ်ဒီး(ခ)ဂမ်အောင် အား စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀၊ TOYOTA HILUX SURF မော်တော် ယာဉ်တစ်စီးကိုလည်းကောင်း၊ အလားတူ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့ နယ်၊ (ဈ) ရပ်ကွက်၊ သုဓမ္မာလမ်း၊ သီရိရတနာလက်လီ/လက်ကားဈေးဝင်းရှိ အောင်မြင့်ဦး(ခ) အောင်ကြီးနှင့် မစိုးစိုးလှိုင်(ခ)မစိုး တို့၏ အခန်းကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ကို လည်းကောင်း၊ ထို့ပြင် နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ မိသရောင်ကျေးရွာအုပ်စု၊ နောင်ထီလား ကျေးရွာရှိ မနန်းမြညွန့်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင် မြေရပ်ကွက်တွင် ကျော်ရဲအောင် (ခ)အောင်ဇေ မောင်းနှင်ပြီး ဝင်းနိုင်လင်း လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်