နေပြည်တော် ဇန်နဝါရီ ၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းတွင် ချိုလေး မောင်းနှင်ပြီး မကျော့စပယ်ဝင်း(ခ)မီးမီး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၇၇ ကီလို ကိုလည်းကောင်း၊  ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအနီးတွင် အောင်ကျော်သက်(ခ)ဖိုးကျော် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနား (အာခါ)ကျေးရွာရှိ စောညီ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်‌ဆေးပြား ၈,၂၀၀ ကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာအနီးတွင် လှအောင် မောင်းနှင်ပြီး ရန်မျိုးအောင် လိုက်ပါလာသည့် MITSUBISHI OUTLANDER မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ၊  စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၃ ကီလိုနှင့် ကက်တမင်း သုည ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်