နေပြည်တော် ၃ ဇူလိုင် 


ပြင်ဦးလွင်မြို့


ဇူလိုင် ၃ ရက် ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ပြင်ဦးလွင်မြို့ အထက(၁) ဧရာဝတီခန်းမတွင် ကျင်းပရာ ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းနှင့် ခရိုင်အမျိုးသမီးကော်မတီဥက္ကဌ ဦးပါစည်တို့က အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရေး အမှာစကား ပြောကြားပြီး  မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်ခင်ကျော့ရှင်းက ရင်ခွင်မဲ့ကလေးများလျှော့ချရေး၊ ရဲအုပ်မျိုးဇော်မှလူကုန်ကူးမှူတားဆီး  ကာကွယ်ရေး၊ ဒုရဲအုပ်အိမာလာသန်းမှ သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ မန္တလာရောင်စဉ်ကျောင်း အထက်တန်းရှေ့နေ ဦးကျော်ကျော်ဦးမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးနေသည့် ဥပဒေများအကြောင်းအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။ 


တင်တင်ထွေး(ပြန်ဆက်)


ပုလောမြို့    


မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့ နံနက်ပိုင်းက ပုလောမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
    

ရှေးဦးစွာ သစ်တောဦးစီးဌာနမှ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအသင်း၊ အထက(ပုလော)၊ အထကခွဲ(ပုလော)တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ NGO အဖွဲ့အစည်းများနှင့် ပြည်သူ များထံသို ပျိုးပင်ပေါက်များလွှဲအပ်ပေးခဲ့သည်။
    

ယင်းနောက် ပျဉ်းကတိုး(၁၀ဝ)၊ မဟော်ဂနီပင် ၅၀၊ မန်ဂျင့်ရှားပင် ၁၀ဝ၊ ငုရွှေဝါပင် ၅၀၊ သင်္ကန်းပင် ၅၀၊ စုစုပေါင်းပျိုးပင် (၃၅၀) အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။   


ထူးဝေယံ(ပြန်/ဆက်)

 

1


ကျောက်ကြီးမြို့နယ်

   
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )၌ ဇူလိုင် ၃ ရက် နံနက် ၉ နာရီက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   

အဆိုပါ ပြိုင်ပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပြိုင်င်ပွဲတွင် မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ 


ကိုသားကြီး(ကျောက်ကြီး)

 

1