နေပြည်တော် ၁၂ ဖေဖော်ဝါရီ  


                 
ပုလောမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဆီတောင်လမ်း၊ ရာဘာခြံအတွင်းရှိ မျိုးဦး၏ နေအိမ်တဲကိုရှာဖွေရာ သက်လွင်ထွန်း (ခ) ဒီလုံး၊ ဇင်ကိုထွေး (ခ) အိုကေနှင့် ဟေမာန်ဦး (ခ) ဝေယံတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၊ တူမီးသေနတ် ၁ လက်၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

အလားတူ ညနေ ၅ နာရီက တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စက်သုံးဆီ အရောင်းဆိုင်အနီးတွင် ထိုင်းနိုင်ငံသား Mr.Sarayut မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ အိုက်စ် သုည ဒသမ ၇ ဂရမ်၊ ပစ္စတို  ၁ လက်၊ ၎င်းကျည် ၁၅ တောင့်တို့ကိုလည်းကောင်း။ 

 

ထို့အတူ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နယ်မြေ(၁)၊ အောင်မင်္ဂလာလမ်းနေ မအေးအေးမွန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၂၉၀ နှင့် မြန်မာငွေကျပ် ၅၀ဝ၀ဝ ကိုလည်းကောင်း။       


         
အလားတူ ယင်းနေ့ နံနက် ၁၁ နာရီက တပ်မတော်မှ မဘိမ်းမြို့၊ လဝါကျေးရွာရှိ တဲတစ်လုံးကိုရှာဖွေရာ တဲအတွင်း၌ ကောင်းမြတ်လွင်အား တွေ့ရှိ၍ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ၊ ဆင်ဖီတောနေ သိန်းထိုက်စိုး၏ နေအိမ်တဲကို ရှာဖွေရာ တဲအတွင်းမှ လေသေနတ်တစ်လက်၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ၊ ကျောက်လုံးကြီးဒေသနေ ကျော်အောင်၏ နေအိမ်တဲကိုရှာဖွေရာ ဘိန်းဖြူ ၁၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)