နေပြည်တော် ၁၁ ဇွန်
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် နံနက် ၉ နာရီတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်(ခဝ/၃၄၆)ရှိ အခန်းအမှတ်(၁)တွင် ငှားရမ်းနေထိုင်သူ ဂျင်မြင်ကျိုး၏ အခန်းကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅၉၉၅ ပြား သိမ်းဆည်းရမိသည်။
ထို့အတူ ဇွန် ၉ ရက် ည ၇ နာရီ မိနစ် ၂၀ က ကျောက်တလုံးကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ လွယ်ဆောင်ကျေးရွာအနီးရှိ ကားလမ်းမတွင် ဇာနည်မောင်းနှင်ပြီး မောင်ငယ်လိုက်ပါလာသည့် Crown အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ ကိုလည်းကောင်း၊
အလားတူ ဇွန် ၁၀ ရက် ည ၇နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ အထက်ညောင်နီကျေးရွာအနီး၊ မိုးမိတ်-မန်တုံသွားကားလမ်းတွင် စောဆီး (ခ)ဝတုတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူမှုန့်အလေးချိန် ၂၂၀ ဂရမ်နှင့် ငွေကျပ် ၂၀ဝ,ဝ၀ဝ တို့ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ ည ၁၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ လွယ်လုံအုပ်စု၊ ကတ်ဝိုးကျေးရွာ- ဝမ်ပျဲန်ရွာသွား လမ်းပေါ်တွင် စိုင်းဆမ် မောင်းနှင်လာသ်ည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,ဝ၉၈ ပြားနှင့် ဘိန်းဖြူ ဝ ဒသမ ၅ ဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကိုရဲ)